ကြက်သားပြုတ်ရည် ကိုအဓိကအသုံးပြုထားတဲ့ စားစရာတစ်မျိုးပဲဖြစ်ပါတယ်။ ပဲလိပ်၊ ကြွက်နားရွက်၊ မှိုပွင့် နှင့်ကြက်သားတို့ဖြင့် ပဲကြာဇံကိုတွဲစားရတာဖြစ်ပါတယ်။
YOUTUBE ^
အုန်းနို့နဲ့ကြက်သားကို အဓိကအသုံးပြုထားတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ ကြက်သားကိုအရင်ဆုံးဆီသက်ထားပြီးတော့ အုန်းနို့ထည့်ကာ ရလာတဲ့အုန်းနို့ဟင်းရည်ကို လိုသလောက်ရေထည့်ပြီး အနည်းအများချိန်ဆလို့ရပါတယ်။ ပြီးနောက် ခေါက်ဆွဲ၊ ပဲကြော် တို့ဖြင့် တွဲဖက်သုံးဆောင်ရပါတယ်။အုန်းနို့အစား နို့စိမ်းကိုလဲ အသုံးပြုကြပါတယ်။
YOUTUBE ^မုန့်ဟင်းခါးသည် မြန်မာတို့ရဲ့ ပြယုဒ်အစားအစာ တစ်ခုဖြစ်ပါတယ်။ ငါးခူ၊ ကုလားပဲ၊ ဆန်မှုန့် တို့နဲ့ ချက်ထားတဲ့ ငါးဟင်းရည်ကို မုန့်ဖက်၊ အကြော်တို့နဲ့ တွဲစားရတဲ့အစားအစာဖြစ်ပါတယ်။
YOUTUBE ^
လူ(၂၀)စာ
သာကူစေ့ - ၅၀သား (ဇကာဖြင့် သဲပြာထား)
ထန်းလျက် - ၅၀သား (ကျို၍ သဲစစ်ထား)
ကန်စွန်းဥ - ၅၀သား (အတုံးတုံး ရေစိမ်ထား)
အုန်းသီး - ၁ လုံး (ခြစ်ထား)
ဆား - ၁ ဇွန်း ( လဖက်စားဇွန်း )
ရေ - ၄ လီတာ
YOUTUBE
^
ပါ၀င်ပစ္စည်းများ
ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
ထန်းလျှက်ခဲ / - 100 g(အချိုကြိုက်လျှင်အနည်းငယ်ပိုထည့်ပါ)
သကြားအညို
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အုန်းသီးမှုန့် - မိမိနှစ်သက်သလောက် သုံးပေးပါ
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
(ထန်းလျှက်ကျိုရန်)
ပြင်ဆင်ပုံ
ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ တစ်ညသိပ် ရေစိမ်ထားပေးပါ နောက်နေ့မနက်မှာ စိမ်ထားသော ရေကိုသွန်ပြီး ခပ်စိတ်စိတ် အပေါက်ပါတဲ့ ပေါင်းဇကာထဲ ထည့်ပေးကာ အောက်ခံအိုးထဲကို ရေ တစ်ဝက်မရှိတစ်ရှိည့်ပြီး မီးကိုအလယ်လတ်မှာထားပြီး ရေဆူအောင်တည်ပေးပါ ရေဆူပြီ ဆိုတာနဲ့ မီးကိုအနည်းငယ်ထပ်လျှော့ ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းဇကာကို ရေဆူအိုးပေါ်တင်ပြီး အဖုံးအုပ်ကာ ၄၅မိနစ်ခန့် ပေါင်းပေးပါ ကောက်ညှင်းဆန် အလုံးအပျက်ဘဲ နပ်စေရန် ပေါင်းနေစဉ် အထက်အောက် တခါလောက် လှန်ပေးပါ ကောက်ညှင်းပေါင်းနေစဉ် သကြားအညို သို့မဟုတ် ထန်းလျှက်ခဲကို ဆားနှင့် ရေအနည်းထည့်ကာ ထန်းလျှက်ခဲ ပျော်လာအောင် ခပ်ပျစ်ပျစ်လေး ကျိုထားပေးပါ အုန်းသီးမှုန့်ကို ပြင်ထားပေးပါ ကောက်ညှင်းနပ်ပြီ ဆိုတာနဲ့ ကောက်ညှင်းပူနေတုန္းမွာ ထန်းလျှက်ရည်ကို ရောမွှေပေးပါ ကောက်ညှင်းနှင့် ထန်းလျှက်ရည် ရောမွှေစဉ် အရည်ပက်ရွှဲကြီး မဖြစ်စေရန် ထန်းလျှက်ရည်ကို နည်းနည်းချင်း ထည့်မွှေပေးပါ ကောက်ညှင်းနှင့် ထန်းလျှက်ရည် ကို သမအောင် မွှေပြီးတာနဲ့ သင့်တော်သော ဗန်း သို့မဟုတ် ပန်းကန်တခုထဲမှာ ထည့်ပေးပြီး မျက်နှာပြင်ညှိကို ညီအောင်ညှိကာ တစ်ညလောက် အအေးခံပေးပါ အအေးခံပြီးသွားပြီ ဆိုတာနဲ့ မိမိနှစ်သက်ရာ ပုံစံရအောင် ဓါးမှာဆီသုတ်ပြီး လှီးပေးပါ ရွှေထမင်းလေးတွေ လှီးပြီးတာနဲ့ အုန်းသီးမှုန့်ကို ဖြူးပေးကာ ရွှေထမင်း ချိုချိုလေးကို စားသုံးနိူင်ပါပြီဖြစ်ပါတယ်။
ထန်းသီးမုန့်(၁)ပေါင်းပြုလုပ်ရန်
ဆန် (၅) ဗူး
ထန်းလျှက် / (၅၀) ကျပ်သား
သကာရည်
ဆား (၁) ကျပ်ခွဲသား
ကြက်ဥ (၁)လုံး
နို့ကျဲ (၁၀)ကျပ်သား
ထည့်၍ (၂၅) မိနစ် ပေါင်းရပါသည်။
ကျက်လျှင် ကြက်ဥ (၁) လုံးအပေါ်မှဖြန်းပေးရပြီး
အုန်းသီးကို ခြစ်၍ ဆုံဆီသန့်နှင့်ကြော်ခါ မုန့်ပေါ်မှ
အုန်းဆံကြော်၊ ဆီ၊ သကြားနှင့် ဖရုံယို ဖြူးပေးလျှင်
ရေစကြို ထန်းသီးမုန့်ရရှိပြီဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်းစပါး - ၂ ပြည်
သကာရည် - ၁၅ ကျပ်သား
ပြင်ဆင်ပြုလုပ်ပုံ
၁။ ကောက်ညှင်းစပါးကို ပေါက်ပေါက်ဖောက်၍ အမှုန့်များရအောင်
လုပ်ပါ။
၂။ ပေါက်ပေါက်မှုန့်နှင့် သကာရည်တို့ကို နယ်ပါ။
(ထန်းလျက်ရည်၊သကြားရည်အပျစ်နှင့်နယ်လျှင်လည်း ရသည်။)
၃။ အုန်းသီး၊ သကြား ယိုထိုး၍ ဌာပနာထည့်နိုင်သည်။
ပါဝင်ပစ္စည်းများ
ကုလားပဲမှုန့် (အကျက်) - ၁၅၀ဂရမ်
သကာရည် - ၂၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
၁။ သကာရည်ကိုခဲနေပါကရေနွေးတဇွန်းခန့်ထည့်ပြီးညောင်စေးပုံစံ
ဖြစ်အောင်မွေပြီးချေထားပါ။
(အချို့သကာရည်မှာလေသလပ်ပြီးခြောက်နေတတ်ပါတယ်)
၂။ သကာရည်ပန်းကန်အတွင်းသို့ပဲမှုန့်အကျက်၁၂၀ဂရမ်ထည့်ပြီး
သမအောင်မွေပေးပါ။ကျန်ပဲမှုန့်လက်ကျန်ကိုဘမ်းတခုတွင်ထည့်
ထားပါ။
၃။ လုံး၍ရသောအနေအထားထိနယ်ပေး ပြီးမိမိနှစ်သက်ရာအရွယ်
ဆုပ်လုံးပေးပါ။
၄။ လုံးပြီးသားအနုဆုပ်လေးများကိုပဲမှုန်ဖြူးထားသောဘမ်းတွင်ထည့်
ပြီးလိမ့်ကာလူးပေးပါ။
၅။ အားလုံးလုံးပြီးပါကဘမ်းကိုနေပူတွင်တရက်ပြပြီးခြောက်သွား
ပါကလေလုံသောဘူးတွင်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အထက်ပါအချိုးမှာ၁၀လုံးမှ၁၅လုံးရရှိပါတယ်။
၆။ ပုံစံဖြင့်ပြုလုပ်လိုပါကဘမ်းတွင်ဖြန့်ထည့်ပြီးပုံစံခွက်ဖြင့်ဖြတ်ကာ
အထက်ပါနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဆန်မှုန့် - ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းတိတိ
မုန့်လုပ်ထန်းလျှက်ခဲ - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
(ချေပြီးသား)
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
(ထန်းလျှက်ရည်ကျိုရန်)
5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
(ထန်းလျှက်ရည်ကျိုရန်)
ဇကာစိတ်စိတ် - တစ်ခု
ပေါင်းအိုး - အစုံတစ်အိုး
မုန့်စိမ်းပေါင်း ပေါင်းမည့်ဗူး - တစ်ခု
ပိတ်စသန့်သန့် - သုံးစ
နှမ်းထောင်း - လိုသလောက်
အုန်းသီးမှုန့် - လိုသလောက်
မုန့်စစ်ဇကာ - တစ်ခု
ပါဝင်ပစ္စည်းများ
ဆန်စိမ်းမှုန့် - ၁ ခွက် ( ထမင်းစားဇွန်း ၁၆ ဇွန်း )
စားထုံး - လက်ဖက်ရည်ဇွန်း တဝက်
(lime stone)
ရေ - ၁ လီတာ
ထန်းလျက်ရည် - ထမင်းစားဇွန်း ၈ ဇွန်း
(ညောင်စေးကျအောင်ကြိုထားရန်)
ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
အုံးသီးခြစ်ဖတ်
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
မုန့်လုပ်ထန်းလျှက်ခဲ - တစ်ဆယ်သား (အချိုကြိုက်ပါက ပိုထည့်ပါ)
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ ( ထန်းလျှက်ရည်ကျိုရန်)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
နေကြာဆီ - လိုသလောက် သုံးပေးပါ
ငှက်ပျောဖက် - လိုအပ်သလောက် သုံးပေးပါ
အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်
ငါးခေါင်းကို အဓိကထားပြီး တစ်ခြားသော အသီးအရွက်များ၊မျှစ်ချဉ်၊ပဲပြား စသည်တို့ဖြင့် ပြုလုပ်ထားသော အရည်သောက်ဟင်းတစ်မျိုးဖြစ်ပါတယ်။
YOUTUBE ^
ဘဲဥကိုပြုတ် ဓားနဲ့မွှန်းပြီး ပြုလုပ်ထားသော အနှစ်ထဲကိုထည့်ပြီးဆီပြန်ချက်ထားသောဟင်းလေးတစ်ခွက်ဖြစ်ပါတယ်။
YOUTUBE ^
အာလူး၊ ကုလားပဲ၊ ရုံးပတီသီး တို့ကို ဆီသက်ပြီး ချက်ထားတဲ့ အရည်သောက်ဟင်းရည် လေးပဲဖြစ်ပါတယ်။
YOUTUBE ^
ပြောင်းဖူးကိုဓားနဲ့ပါးပါးလှီးပြီး ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ကြက်ဥတို့ဖြင့် မွှေကြော်ထားသော ဟင်းတစ်ခွက်ဖြစ်ပါတယ်။
YOUTUBE ^
ကန်စွန်းရွက်ကို မှိုဖြင့် အရည်စပ်စပ်ကြော်ချက်ထားတဲ့ အရွက်ကြော်ပဲဖြစ်ပါတယ်။
YOUTUBE ^
ရွှေမြန်မာတို့ရဲ့လက်စွဲ ထမင်းဝိုင်းတွေမှာ မပါမဖြစ် ခရမ်းချဉ်သီး၊ ငါးပိတို့ကို အဓိကအသုံးပြုထားတဲ့ ခရမ်းချဉ်သီးငါးပိချက်ပဲဖြစ်ပါတယ်။
YOUTUBE ^
ထမင်းဝိုင်းထဲမှာ ပါဝင်တတ်ကြတဲ့ မြင်းခွာရွက်၊ ပဲကြော်၊ ခရမ်းချဉ်သီး နဲ့ ပုစွန်ခြောက်တို့ကို သုပ်ထားတဲ့ မြင်းခွာရွက်သုပ်ပဲဖြစ်ပါတယ်။
YOUTUBE ^
ပြင်ဆင်ပြုလုပ်နည်း
၁။ ကြက်သားကိုနုပ်နုပ်စင်းပြီး အရသာမှုန့်ဖြင့်နယ်ထားပေးပါ။
၂။ ကြက်သွန်မြိတ်ပါးပါးလှီးထားပေးပါ။
၃။ အရည်စပ်မယ့် ဇလုံထဲသို့ ဆန်မှုန့် တစ်ထုပ် ရဲ့ တစ်ဝက်တိတိ
ဖောက်ထည့်ပါ။ဆီထမင်းစားနှစ်ဇွန်းထည့်ပါ။ ဆန်မှုန့်နှစ်စဆိုရင်
ကောက်ညှင်းမှုန့်တစ်စရောထည့်ပေးပါ။
၄။ ကြက်သွန်မြိတ် နှင့် အရသာမှုန့်ထည့်ပါ။
၅။ ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။ အရည်အရမ်းကျဲတောက်နေ
အောင်မဖျော်ရပါဖူး။ ပျစ်ထွေးနေအောင်ဖျော်ဖို့လည်းမလိုပါဖူး။
၆။ အနေတော်အနေထားရပြီဆို ရေထည့်တာလုံလောက်ပါပြီ။
၇။ ပြီးမှ နုပ်နုပ်စင်းထားသောအသားထည့်ပြီး ထပ်မွှေပါ။ ပြီးရင်
ဌက်ပျော်ရွက်နဲ့ ဖက်ထုပ် ထုပ်ပေးပါ။
၈။ ထမင်းပေါင်းအိုးဖြင့် မိနစ်၅၀ခန့်ပေါင်းပေးပါ။
၉။ တွဲဖက်စားသောက်ဖို့ ငရုတ်သီးကြော် ဂျူးမြစ်
ကြက်သွန်ဖြူဆီချက်ပြင်ဆင်ပေးထားပါ။
၁၀။ နှစ်သက်ရာအသား အသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊
ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ငှက်ပျောဖက်၊
ဆီ၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့်။
ပြင်ဆင်ပြုလုပ်နည်း
၁။ ပထမဦးဆုံး ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးနှင့် ချက်ထားပါ။
ပြီးလျှင် ထမင်းကို အအေးခံထားပါ။
၂။ ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့
ထည့်ပြုတ်ပြီး ကျက်ပြီဆိုရင် အအေးခံ၍ အရိုးနွှင်ထားပါ။
၃။ ခရမ်းချဉ်သီးကို ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားတို့
ထည့်ပြီးမွှေထားပါ။
၄။ ကြက်သွန်ဖြူကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ။
၅။ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ထားပါ။
၆။ ဆန်ကြာဇံ၊ ငရုတ်သီးခြောက်အတောင့်ကို ဆီထည့်ကြော်ပြီး
ဆီစစ်ပေးထားပါ။
၇။ ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။
၈။ ဂျူးမြစ်ကိုလည်း ရေစင်စင်ဆေးပြီး ထက်ပိုင်းပိုင်းဖြတ်ထားပါ။
၉။ နောက်ဆုံးမှ ချက်ထားတဲ့ ရှမ်းဆန်ထမင်းကို ခရမ်းချဉ်သီးအနှစ်၊
ငါး၊ ဆီချက်၊ ဟင်းခတ်မှုန့်၊ ဆား ထည့်ပြီးနောက် စေးပိုင်နေအောင်
နယ်ပြီး အလုံးသေးသေးလေးတွေ လုံးထားပါ။
၁၀။ စားခါနီးတွင် ပန်းကန်ထဲ ငှက်ပျောဖက်ခင်းပြီး ငါးထမင်းလုံးကို
ပြားပြား ပါးပါးလေးဖြစ်အောင် ဖြန့်၍ နွှင်ထားတဲ့ ငါး၊ ဆီချက်၊
ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်တို့ကို အပေါ်မှ ဖြူးလိုက်ပါ။
၁၁။ ငါးထမင်းနှင့် တွဲဖက်စားရန် ဂျူးမြစ်၊ မြေပဲ၊ ငရုပ်သီးခြောက်
ကြော်တို့နဲ့ မြိန်ယှက်စွာ အရသာ ရှိရှိ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
ရှမ်းဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊
ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊
ငရုတ်သီးအရောင်တင်မှုန့်။
ပြင်ဆင်ပြုလုပ်နည်း
၁။ ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးဖြင့် တည်ထားပါ။
၂။ ကျက်ပြီဆိုရင် ထမင်းကို အအေးခံထားပါ။
၃။ ခရမ်းချဉ်သီးနှစ်လုံးကို ထမင်းအိုးထဲ ထည့်ပြုတ်ထားပြီး
ထမင်းကျက်ပါက ခရမ်းချဉ်သီးကို ထုတ်ပါ။
၄။ ဓါးနှင့် တောက်တောက်စင်းပြီး ဒယ်အိုးထဲ ဆီမထည့်ဘဲ နနွင်းမှုန့်၊
ဟင်းခတ်မှုန့်၊ ဆား၊ ရေထည့်ပြီး ခရမ်းချဉ်သီးချက် အရည်ကျဲကျဲ
ချက်ထားပါ။
၅။ အာလူးကို နူးအိအောင် ပြုတ်ပါ။ အခွံခွာပြီး ကျေအောင်
ချေထားပါ။
၆။ ကြက်သွန်ဖြူ တစ်လုံးကိုထောင်း နနွင်းမှုန့်နဲ့ ငရုတ်သီး
အရောင်တင်မှုန့် ထည့်ပြီး ဆီများများနှင့် အရောင်လှအောင်
ဆီသတ်ထားပါ။
၇။ ငရုတ်သီးခြောက်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။
၈။ ကြက်သွန်မိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်မိတ်၊
ဂျူးမြစ်တို့ကို ရေစင်စင်ဆေးထားပါ။
၉။ ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး၊ ဆီချက်၊ ဟင်းခတ်မှုန့်နဲ့
ဆားထည့်ကာ စေးပိုင်နေအောင် နယ်ပြီး အပေါ့၊ အငန်မြည်းပါ။
၁၀။ အားလူးထမင်းနယ် စားတော့မယ်ဆိုရင်တော့ ပန်းကန်ထဲကို
အာလူးထမင်းထည့်၊ ခရမ်းချဉ်သီးချက်နဲ့ ဆီချက်ဆမ်းပြီး
ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို ဖြူးလိုက်ပါ။ ပြီးရင်
ဂျူးမြစ်၊ ကြက်သွန်မိတ်၊ ငရုတ်သီးတောင့်ကြော်၊ ငါးမုန့်ကြော်
တို့နဲ့ အာလူးထမင်းနယ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ပြင်ဆင်ပြုလုပ်နည်း
၁။ သာကူစေ့တွေကို ရေခဏစိမ်ပြီး ရေစစ်ထားပါ။ ရေနွေးပူပူထဲကို ဆားထည့်ပြီး
သာကူထဲ နည်းနည်းချင်းစီ လောင်းထည့်ပါ။ နှံ့သွား အောင် အသာနယ်ပါ။
ပြီးလျှင် ရေစိုအဝတ်ပါးဖြင့် နာရီဝက်ခန့်အုပ် ထားပါ။
၂။ ကြိတ်သားအတွက် ကြက်ရင်ပုံ တခြမ်း (သို့) ဝက်သားကို ပါးပါး လှီးပြီး
တောက်တောက်စင်းပါ။ ကြိတ်သားကို သကြား အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊
တရုတ်မဆလာ အနည်းငယ်၊ ဆား အနည်းငယ်တို့နှင့် ရောနယ်ပါ။
၃။ ထာပနာ(ဌာပနာ)အတွက် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီ ဆူလာလျှင်
ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ ပြီးလျှင် အသားထည့် ပါ။
ခြောက်ခြောက်လေးဖြစ်တဲ့အထိ မွှေပေးပါ။
၄။ အသားတွေကို မြေပဲလှော်ထောင်းပြီးသားနှင့် ငရုတ်သီးစိမ်းလှီးပြီး သားတို့နှင့်
ရောနယ်ပြီး အအေးခံထားပါ။ အေးပြီဆိုလျှင် အလုံးသေး သေးလေးတွေ လုံးထားပါ။
၅။ ငှက်ပျောရွက်ကို သန့်စင်ပြီး ဆီသုတ်လိမ်းထားပါ။
၆။ သာကူစေ့တွေကို လက်ဖြင့် အသာဖြစ်ကြည့်ပါ။ ရေခြောက်သွား လျှင် ရေအနည်းငယ်
ထပ်ထည့်ပါ။ လုံးလို့ရပြီဆိုလျှင် ပီလောပီနံမှုန့်ကို ဘေးမှာ အနည်းငယ်ပုံထားပါ။
၇။ လက်ကို ပီလောပီနံမှုန့်အရင်သုတ်ပြီးမှ သာကူကို တလုံးစာ ယူပါ။ အပြားလေးဖြစ်အောင်
လက်ဖြင့် အသာဖြန့်ပါ။ ပြီးလျှင် အသားလုံး ကို ထာပနာပြီး သာကူပြားဖြင့် အုပ်ပြီးလုံးပါ။
အသားလုံအောင် လုံးပါ။
၈။ နောက်တကြိမ်လုံးမည်ဆိုလျှင် လက်ကို ပီလောပီနံမှုန့်အရင်သုတ် ပါ။ ပြီးမှ သာကူကို
တလုံးစာ ယူပါ။
၉။ လုံးပြီးသားတွေကို ငှက်ပျောရွက်ပေါ်တင်ပါ။ တလုံးနဲ့တလုံး မ ကပ်အောင် နေရာခြားပေးပါ။
၁၀။ ပြီးလျှင် ပေါင်းအိုးထဲထည့်ပြီး ၁၀မိနစ်ခန့်ပေါင်းပါ။
(အချိန် ကတော့ ပေါင်းအိုးပေါ်မူတည်ပြီး ကွဲပြားနိူင်ပါတယ်)
၁၁။ အရောင်ကြည်ကြည်အလုံးလေးတွေ ဖြစ်လာရင် ရပါပြီ။ လက် ကို ဆီအရင်သုတ်လိမ်းပြီးမှ
သာကူလုံးတွေကို ကိုင်တွယ်ပါ။ ခဏ အအေးခံပြီး စားမယ့်ပန်းကန်ထဲကို ထည့်ပါ။
၁၂။ သာကူလုံးစီးစီးလေးကို ကြက်သွန်ဖြူဆီချက်၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ သုံးဆောင်လို့ရပါပြီ။
ရှမ်းမုန်ညင်းပေါင်းကိုနေရာဒေသအလိုက်လုပ်နည်းလေးတွေမတူညီဘဲ
ကွဲပြားတတ်ကြပါတယ်။ဒီနည်းလေးကတော့ရှမ်းပြည်မြောက်ပိုင်းကပုံစံ
လေးဘဲဖြစ်ပါတယ်။ရှမ်းပြည်မှာတော့အစာပြေအဖြစ်လည်းစားကြသလို
မနက်ခင်းစာအဖြစ်လည်းစားကြလေ့ရှိပါတယ်။သတ်သတ် လွတ်ဖြစ်ပေမဲ့
စားရတာအလွန်ဘဲအရသာရှိလှတဲ့ရှမ်းမုန်ညင်းပေါင်းလေးကိုလုပ်စားကြည့်
ရအောင်နော်။
ပါဝင်ပစ္စည်းများ
မုန်ညှင်း - ၅ဝဝ ဂရမ်
ဆန်မှုန့် - ၁ဝဝ ဂရမ်
ဆား - လ္ဘက်ရည်ဇွန်း၁ဇွန်း
ဟင်းခပ်မှုန့် - ၁ဇွန်း
နနွင်း - အနည်းငယ်
ဆီ - ၅၀ ဂရမ်
ခရမ်းချဉ်သီး - တလုံး
ဂျင်း - လက်တဆစ်
ရေ - အနည်းငယ်
ပဒဲကော - ၃ပြား
ပြင်ဆင်ပြုလုပ်နည်း
- မုန်ညှင်းကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ကာပါဝင်ပစ္စည်းအားလုံးထည့်ကာ
ရောနယ်ပါ။
- ပြီးလျှင်ဆူပွက်နေသောပေါင်းအိုးဖြင့်ပေါင်းပါ။
- မုန့်ညှင်းနူးအိလာပါကပန်းကန်တွင်တည်ခင်းပြီး ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးဆီချက်
တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။
ငါးလိပ်ကျောက်အသားကို ရေနွေးဖျောထားပြီး ငရုတ်သီးစိမ်း ခရမ်းချဉ်သီး ကြက်သွန်နီ ဂျင်း သံပရာသီး တို့နဲ့ ရခိုင်စတိုလ် လေးသုပ်ထားပါတယ်။
YOUTUBE ^
ပြင်ဆင်ပြုလုပ်နည်း
- ဘူးသီးကို အခွံခွာပြီး အတုံးသေးသေးလေးတွေဖြစ်အောင် ပါ။
- တိုဟူးနှင့် ဖန်ခေါက်ဆွဲကို စိမ်ထားပါ။
- ပုဇွန်လေးတွေကို သန့်စင်ပြီး အခွံခွာပါ။အခွံခွာပြီး ပုဇွန်ကို
ပါးပါးလှီးပြီး ထောင်းထားပါ။
- ရေကို အိုးအလတ်ထဲသို့ နှစ်သက်သလို လောင်းထည့်ပါ။
- ပုဇွန်ငါးပိနှင့် မျှင်ငါးပိထည့်ပါ။အလယ်အလတ်အပူဖြင့် ပြုတ်ပြီး ဆူအောင်
တည်ပါ။
- အရသာအတွက် ဆား နှင့် ကြက်ပြုတ်ရည်ထည့်ပါ။
- လှီးထားတဲ့ဘူးသီးတုံးတွေကို အိုးထဲထည့်ပြီး တိုဟူးခြောက်နဲ့ မှိုစိမ်ထားပါ။
- ဘူးသီးတုံးများ ကောင်းစွာကျက်ပါက ခေါက်ဆွဲတစ်ခွက်ထည့်ပါ။
- ခရမ်းချဉ်သီးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးထားပါ။
- ပါးပါးလှီးထားသော omelette နှင့် နံနံရွက်ကို ဟင်းချိုပေါ်တွင် ဖြူးပေးပါ။
ပြင်ဆင်ပြုလုပ်နည်း
- ခရမ်းသီးတစ်လုံးစီကို လေးပိုင်းခွဲထားပါ။
- အာလူးကို တစ်ဝက်လောက်လှီးထားပါ။- ရေဆေးပြီးရင် ပန်းကန်တစ်လုံးထဲမှာ ထည့်ထားပါ။
- ငရုတ်သီးနှင့် မျှင်ငပိထည့်ပါ။
- ရေ 2 ခွက်လောင်း
- အလယ်အလတ်အပူပေါ်တွင်ချက်ပြုတ်။
- ပွက်ပွက်ဆူလာလျှင် ဆားနှင့် ကြက်သားပြုတ်ရည်ထည့်ပါ။
- ရေအများစုကို စုပ်ယူပြီးနောက် နံနံပင်ကို ဖြူးပေးပါ။
ပြင်ဆင်ပြုလုပ်နည်း
- ပုစွန်ကို ရေဆေးပါ။သခွားသီးကို အခွံနွှာပြီး အရွယ်တော် အတုံးများဖြစ်အောင်
လှီးဖြတ်ပါ။
- ပုစွန်နှင့်သခွားသီးအတုံးများကိုအိုးအလယ်တည့်တည့်တွင်ထည့်ပါ။
- ငရုတ်သီး ငါးပိနှင့် မျှင်ငါးပိထည့်ပါ။
- နနွင်းမှုန့်ထည့်ပါ။ ရေကို လိုသလိုထည့်ပါ။
- အလယ်အလတ်အပူဖြင့်ပြုတ်ပါ။ ပွက်ပွက်ဆူလာလျှင် ဆား နှင့်
ကြက်ပြုတ်ရည်များ အရသာထည့်ပါ။
ပြင်ဆင်ပြုလုပ်နည်း
- ငါးခေါင်းကို ဆေးကြောသန့်စင်ပါ။
- ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ရောနယ်ပါ။
- အိုးတစ်လုံးထဲတွင် ဆီအပူပေးပါ။
- ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူငါးပိနှင့် မျှင်ငပိတို့ကို ထည့်ပြီး မွှေပါ။
- ငါးခေါင်းကို ထည့်ပြီး ရေကို လိုသလို လောင်းထည့်လိုက်ပါ။
- လှီးထားသော စပါးလင်ထည့်ကာ ဆူအောင်တည်ပါ။
- သံပုရာရည်ညှစ် ထည့်ပါ။
- ဆား နှင့် ကြက်ပြုတ်ရည်များ ထည့်ပြီး အရသာ ညှိပါ။
- နံနံရွက် သို့မဟုတ် ပင်စိမ်းရွက်ဖြူးပါ။
ပြင်ဆင်ပြုလုပ်နည်း
- အိုးတစ်လုံးထဲသို့ ရေအနည်းငယ်ထည့်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းထည့်ပါ။
ပွက်ပွက်ဆူအောင် အပူပေးပါ။
- ပြည်ကြီးငါးကို ဆေးကြောသန့်စင်ပြီး ရေအေးမှာ ဆေးပါ။
- ပွက်ပွက်ဆူနေသောရေထဲသို့ထည့်ပါ။ နူးညံ့သည်အထိချက်ပြုတ်ပါ။
အရမ်းကျက်ရင် ရေစစ်ပြီး အအေးခံထားပါ။
- ပြည်ကြီးငါးကို အကွင်းလိုက် သို့မဟုတ် အရွယ်တော်အတုံးများတုံးပြီး ဖယ်ထားပါ။
- ဒယ်အိုးထဲတွင် ငရုတ်သီးစိမ်းကို အရေခွံများ ဖောင်းလာသည်အထိ ကင်ပါ။
- ငရုတ်သီးလှော်၊ ဂျင်း၊ ငရုတ်ကောင်း နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပါးပါးလှီးပြီး
ထောင်းထားပါ။
- ပြည်ကြီးငါးအတုံးများ ရောမွှေပြီး ပန်းကန်လုံးကြီးတစ်လုံးထဲတွင် ငပိကြမ်းကို ရောမွှေပါ။
အရသာအတွက် ဆား နှင့် ကြက်ပြုတ်ရည်ထည့်ပါ။
- သံပုရာသီး အတုံးလေးတွေ ညှစ်ပြီး လိုသလို ညှစ်ပါ။နံနံရွက်ဖြူးပါ။
ပြင်ဆင်ပြုလုပ်နည်း
- ငါးကို ရေဆေးပြီး မီးဖိုပေါ်တွင် တိုက်ရိုက်ဖုတ်ပါ။
- ကောင်းစွာပြုတ်သည်အထိစောင့်ပါ။
- ဖုတ်ထားသောငါးကိုမီးဖိုမှဖယ်ရှားပါ။
- အရေခွံခွာပြီး ငါးကြော်ပါ။
- ငရုတ်သီးစိမ်း၊ ဂျင်း နှင့် ငရုတ်သီးစိမ်းတို့ကို ထောင်းပြီး ထောင်းထားပါ။
- ပန်းကန်လုံးတစ်လုံးထဲသို့ ငါးနှင့် ငရုတ်သီးမှုန့်ထည့်ပါ။
- သံပုရာရည်ကို အတုံးလေးတွေ ညှစ်ထည့်ပါ။ကောင်းစွာရောမွှေပါ။
- အရသာအတွက် ဆားနှင့် ကြက်သားထည့်ပါ။ နံနံရွက်ကို ဖြူးပေးပါ။
- ငါးကွမ်းရှပ်ရခိုင်သုပ် အဆင်သင့်ဖြစ်ပါပြီ။
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို
အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။
- သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။
- အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း/နီတို့ကို
အနံ့မွှေးလာသည်အထိလှော်ပါ။
- လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်း ပါ။
ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။
- ဆား၊ သကြား၊ ငံပြာရည်ထည့်ပြီး နှံ့စပ်အောင် နယ်ပါ။
- ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊
ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီးနှံ့အောင်မွှေထားပါ။
- အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
ပြင်ဆင်ပြုလုပ်နည်း
- ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည် လွှာ၊ ခေါင်းပေါ်က
လက်ချောင်းတွေရဲ့ အလယ်က အလုံးလေး နဲ့ မျက်လုံး တွေ ထုတ်လိုက်ပါ။
အရေခွံ ခွါလိုက်ပါ။ ပြီးရင် သေချာဆေးပြီး ကျက်အောင် ပြုတ်ပေးပါ။
- ငရုတ်သီးစိမ်းနဲ့ ငပိစိမ်းစားအနည်းငယ်ကို မီးကင်ပေးပါ။ မီးကင်ထားတဲ့ ငရုတ်သီးနဲ့
ငပိစိမ်းစားကို ကြက်သွန်ဖြူလေး ထည့်ထောင်းပေးပါ။
- ပြုတ်ထားတဲ့ ကင်းမွန်ကို ကပ် ကျေးလေးနဲ့ အတုံးလေးတွေ ညှပ်လိုက်ပါ။
- အဆင်သင့်ထောင်း ထားပြီးတဲ့ ငရုပ်သီး ငပိထောင်းနဲ့ ကြက်သွန်နီပါးပါး
လှီးထားတာကို ထည့်ပြီး ရောနယ်လိုက်ပါ။
- သံပုရာသီးညှစ်ထည့်ပြီး အချို အငန် မြည်း ပါ။ နံနံပင်ဖြူးလိုက်တယ် ဆိုရင်ပဲ
ငပိမီးကင်နံ့လေး ၊ ကြက်သွန်ဖြူနံ့ ၊ သံပုရာသီး နဲ့ နံနံပင်နံ့လေး ရောသမမွှေပြီး
ထွက်လာတဲ့ မွေးရနံ့က ခံတွင်းပျက်နေသူကိုတောင် စားကောင်းအောင်
ဆွဲဆောင်သွားပါလိမ့်မယ်။
- တချို့က ငရုတ်ကောင်းလေးပါ ထည့်စားတတ်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
- ရခိုင်သုပ် နဲ့ အာပူလျှာပူ အတွက် ငါးရွှေကိုပြုတ်ပြီး အသားနွှင်ပေးပါ။
- ငရုတ်သီးစိမ်းကို ပြုတ်ထားပေးပါ။ ပြီးရင်ထောင်းလိုက်ပါ။
- ကြက်သွန်ဖြူ နည်းနည်းနဲ့ အရည်အထပ်ထပ်ညှစ်ထားပြီး
နောက်ဆုံးကျန်တဲ့ ငါးအသားဖတ်ကိုထည့်ပါ။
- ဟင်းချိုနည်းနည်းခပ်ထည့်ပြီး ချက်လိုက်ပါ။ ငရုတ်ကောင်းနည်းနည်းထည့်ပေးပါ။
- မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။ ချက်ထားတဲ့ငရုတ်သီးအနှစ်ကို
မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။
- ရခိုင်အာပူသုပ်မှာ ဆီ ကျက်လုံးဝမထည့်ပါ။
(တချို့တလေလောက်သာ ဆီကျက်ထည့်ပြီး လည်း စားကြပါတယ်)
- မကျည်းနှစ် ရေဖျော်နည်းနည်းထည့်ပါ။ အပေါ့အငံ မြည်းပြီး ထည့်ပေးပါ။
- ကြက်သွန်စိမ်းပါးပါးလှီး ထည့်ပါ။ ငဖယ် ၊ ဝက်ဆီဖတ် ၊ ပဲကြော်
ကြိုက်နှစ်သက်ရာနဲ့ ထည့်ပြီး သုပ်ပေးနိုင်ပါတယ်။
- ရခိုင် အာပူလျှာပူသုပ်ဟာ ငါးနဲ့ချက်ထားတဲ့ ငရုတ်သီးကိုအဓိကထားပြီး
ချဉ် ငံ စပ်လေးသုပ်စားကြတာဖြစ်ပါတယ်။
- နောက်ဆုံး အနံ့လေးသင်းအောင် သံပုရာလေးနည်းနည်း ညှစ်ထည့်လိုက်ပါ။
ပြီးရင်တော့ နံနံပင်လေး အုပ်လိုက်ပါ။
စစ်တွေ ဘက်မှာ နံနံပင် ပင်ပေါက်ဖြူဖြူလေးတွေကို ပိုသုံးကြပါတယ်။
ရခိုင်မုန့်တီ ဟင်းချိုပူပူလေးနဲ့ဆိုရင်တော့ ဖျားနေ ၊ အစားပျက်နေ ၊
အအေးမိ နှာစေးနေတာတွေ ချက်ချင်းပွင့်ထွက်ပြီး လန်းသွားစေမယ့်
အစားအစာပါ။
ပြင်ဆင်ပြုလုပ်နည်း
- သရက်သီး အစိမ်းတစ်လုံးကို ပုံမှာ မြင်ရတဲ့အတိုင်း သေးသေးလေးဖြစ်အောင်
ပေါက်ထားပေးပါ။
- ငရုတ်သီးစိမ်း နဲ့ စိမ်းစားငပိကို မီးကင်ပါ။
- မီးကင်ထားတဲ့ ငရုတ်သီး၊ စိမ်းစားငပိ နဲ့ ငရုတ်ကောင်းကို နည်းနည်း ပဲ(တစ်စေ့၊နှစ်စေ့ခန့် )
ကြိုက်ရင်ထည့်ထောင်းပါ။
- ဗိုက်မနာအောင် ထည့်တာဖြစ်ပါတယ် ပြီးရင်တော့ ပေါက်ထားတဲ့ သရက်သီးနဲ့
ရောနယ် လိုက်ပါ။
- အပေါ့ အငန်မြည်းပြီးရင် အရသာရှိတဲ့ ရခိုင်သရက်သီးသုပ်ကို ရပါပြီ။
ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ။
ပြင်ဆင်ပြုလုပ်နည်း
- သခွါးသီးကို ရေဆေးပြီး နှစ်ခြမ်းခြမ်းပေးပါ။ အစေ့နဲ့ အူတွေကို ဖယ်ပေးပါ။
- သခွါးသီးအသားကို အမျှင်သိပ်မထူစေဘဲ သေချာခြစ်ပေးပါ။
- ကြက်သွန်နီ ပါးပါးလှီးပေးထားပါ။ ငရုတ်သီး ၊ ငပိ မီးကင်ပြီး ထောင်းပေးပါ။
- ခြစ်ထားတဲ့ သခွါးသီး ၊ လှီးထားတဲ့ ကြက်သွန်နီနဲ့ ထောင်းထားတဲ့ ငရုတ်သီးငပိထောင်း ကို
ရောနယ်ပေးပါ အပေါ့ အငံ မိမိကြိုက်သလိုထည့်ပေးပါ။
- သံပုရာသီး ညှစ်ပေးပါ။ နောက်ဆုံးမှာ အဖြူရောင် နံနံပင် ပင်ပေါက်လေးကို ထည့်လေ့ရှိပါတယ်။
- ချဉ် ငံ စပ် အရသာ နဲ့ သခွါးသီးရခိုင်သုပ်လေးကို ရပါပြီ။
ပြင်ဆင်ပြုလုပ်နည်း
- ငမန်းခြောက်ကို သေချာရေဆေးပြီး အချိန်တော်တော်ကြာအောင် ပြုတ်ပေးပါ။
- အသားလေးတွေ ပျော့သွားပြီ ဆိုရင် အရေခွံမှာပါတဲ့ သဲလိုအရာလေးတွေ
သေချာပွတ်ပြီး ဆေးပေးပါ။
- အသားလေးတွေ ခြွေထားပါ ငရုတ်သီးစိမ်း ၊ စိမ်းစားငပိ မီးကင် ပြီး ထောင်းပါ။
- ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းပါ ထည့်ပေးရမှာ ဖြစ်ပါတယ်။ကြက်သွန်နီပါးပါးလှီးပြီး
ခြွေထားတဲ့ငါးခြောက်ပြုတ်အသားလေးတွေ ငရုတ်သီး ငပိထောင်းရယ် သံပုရာသီးရယ်
ထည့်ပြီး ရောနယ်ရမှာဖြစ်ပါတယ်။
- ချဉ် ငံ မြည်းပြီး အရသာအကြိုက်တွေ့သွားပြီ ဆိုရင် နံနံပင်လေး အုပ်ပေးလိုက်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
- ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ကို စို့လေးနဲ့ တစ်လုံးလုံး
နေရာအနှံ့ထိုးပေးပါ။ ပြီးရင်တော့ မီးသွေးမီးဖိုထဲ ထည့်ပြီး ဟိုဘက် ဒီဘက်
ပြန်လှန် ဖုတ်လိုက်ပါ။
- ငါးတံခွန် အကောင်သေးကို သေချာ ပွတ်တိုက်ပေးပြီး ကြွပ်လာအောင်ထိ
မီးဖုတ် / ကင်ပေးပါ။
- မိမိ နှစ်သက်သလောက် ငရုတ်သီးစိမ်း နဲ့ ငပိစိမ်းစားလေး နည်းနည်း မီးကင်ပေးထားပါ။
- ခရမ်းသီး မွှေးပြီး အိလာပြီဆိုရင် ထုတ်ပြီး ရေနဲ့ ပွတ်ဆေးပေးလိုက်ပါ။ အပေါ်အရေခွံ
ခွါပေးပါ။ ပြီးရင် ဇလုံတစ်ခုထဲထည့်ပြီး ချေပေးပါ။
- ငါးတံခွန် ကြွပ်လာပြီဆိုရင် ရေနဲ့ပွတ်ဆေးပေးပြီး (ရေသွန်ပြီး မဆေးပါနဲ့၊ အီသွားမှာ စိုးလို့ပါ)
သေးသေးလေးတွေ ပိုင်းပြီး ၊ ခရမ်းသီးဇလုံထဲ ထည့်ပေးပါ။
- မီးကင်ထားတဲ့ ငရုတ်သီး နဲ့ ငပိကို ဂျင်းအနည်းငယ် ထည့်ထောင်းပေးပါ။
(ဂျင်းမထည့်ဘဲလည်း စားကြပါတယ်)
- ကြိုက်တတ်ရင် ကြက်သွန်ဖြူ ထည့်ထောင်းပေးပါ။ (ထည့်လေ့ထည့်ထတော့ မရှိသလောက်ပါပဲ)
- ကြက်သွန်နီ ပါးပါးလှီးထားပေးပါ။ ပြီးရင်တော့ ခရမ်းသီးနဲ့ ငါးခြောက် ထည့်ထားတဲ့
ဇလုံထဲကို ငရုတ်သီးထောင်း ၊ ကြက်သွန်နီပါးပါးလှီးထား တာ ထည့်ပေးပြီး
အချို အငန် မိမိသဘောကျထည့်ပြီး ရောနယ်ပေးပါ။
- မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ။
- နောက်ဆုံး နံနံပင်အုပ်ပေးလိုက် ရင် မီးဖုတ်နံ့ သင်းသင်းလေးနဲ့ မွှေးအိနေတဲ့ ခရမ်းသီး ငါးတံခွန်သုပ်ကို ရပါပြီ။
ပြင်ဆင်ပြုလုပ်နည်း
- ငနီတူ အကောင်သေးလေးကို သေချာကြွပ်နေအောင်လှော်ထားပါ။
- ငရုပ် သီးစိမ်း နဲ့ ရခိုင် စိမ်းစားငပိကို မီးကင်ပြီး ကြက်သွန်ဖြူ၊
ငရုပ်ကောင်းလေး ထည့်ပြီး ထောင်းပါ။
- ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး သုပ်ပါ။
- အချို အငံမြည်းပြီးရင် သံပုရာသီး ညှစ်ထည့်ပါ။
- နောက်ဆုံးမှ နံနံပင်လေး အုပ် ပေးလိုက်ပါ။
- ဒါဆိုရင် ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ ငနီတူလှော် ရခိုင်သုပ် လေး ရပါပြီ။